thumbnail
Published on - 11 months ago

Charge Cycle ဆိုတာဘာလဲ? 🪫

ဘက်ထရီမှာတွေ့ရလေ့ရှိတဲ့  Charge cycle (သို့မဟုတ်) Cycle Count ဆိုတာက ဘက်ထရီတစ်လုံးကို ၁၀၀% အားသွင်းပြီး ၁၀၀% အားကုန်ခမ်းသွားတဲ့ ဖြစ်စဉ်တစ်ခုလုံးကို ဆိုလိုပါတယ်။
⚡️ဥပမာ - ဘက်ထရီကို ၁၀၀% ကနေ ၀% အထိ သုံးပြီး ပြန်လည်အားသွင်းတာကို ၁ charge cycle လို့ သတ်မှတ်ပါတယ်။
ဒါပေမယ့် ဘက်ထရီကို တစ်ကြိမ်တည်းမှာ ၁၀၀% အားကုန်အောင် မသုံးဘဲ၊ ၅၀% ပဲသုံးပြီး ပြန်အားသွင်းတာမျိုးဆိုရင် ၂ ကြိမ်လုပ်မှ ၁ charge cycle ဖြစ်ပါတယ်။
🔋ဘက်ထရီတွေရဲ့ သက်တမ်းကိုများသောအားဖြင့် charge cycle နဲ့သတ်မှတ်လေ့ရှိပါတယ်။ Lithium-ion Battery တွေမှာတော့ cycle count 500 မှ 3000 ကြားအသုံးပြုပြီးသည်နှင့် ဘက်ထရီရဲ့စွမ်းဆောင်ရည် ကျဆင်းလာတတ်ပါတယ်။ အများအားဖြင့် အရန်ဓာတ်အားပေးစနစ်အတွက် အသုံးပြုတဲ့ LiPo4 Battery တွေမှာ Charge Cycle 6000 နှင့်အထက် သက်တမ်းရှိတတ်ပါတယ်။ ဘက်ထရီများကိုအသုံးပြုပုံအပေါ်မူတည်ပြီး ဘက်ထရီသက်တမ်းများသည်လည်း အမျိုးမျိုးကွဲပြားနိုင်ပါတယ်။



Related Blogs

Radiant Rays Showroom is now Opening

နေအိမ်နှင့် လုပ်ငန်းသုံး လျှပ်စစ်စွမ်းအင် လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးမည့် Radiant Rays ရဲ့ Solar Showroom Opening ကို ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

Find out more

🌦️မိုးရာသီအတွင်း ဆိုလာစနစ်တွေ ဘယ်လိုအလုပ်လုပ်သလဲ?

ဆိုလာစနစ်ကို အသုံးပြုဖို့စဉ်းစားတဲ့အခါ လူအများစုက မိုးတွင်းနဲ့ နေရောင်ခြည်ကောင်းကောင်းမရတဲ့ နေ့တွေမှာ စွမ်းအင်မရနိုင်မှာကို စိုးရိမ်တတ်ကြပါတယ်။ သို့သော်လည်း မိုးရာသီမှာတောင် ဆိုလာစွမ်းအင်ကို စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ ⚡ဘာကြောင့် တိမ်ထူတဲ့နေ့တွေနဲ့ မိ

Find out more

ဆိုလာချပ်တွေကို အပူချိန်လွန်ကဲခြင်းမှ ဘယ်လိုကာကွယ်မလဲ? 🌡️

☀️အထူးသဖြင့် မြန်မာနိုင်ငံကဲသို့သော အပူပိုင်းဒေသတွေမှာ အပူချိန်လွန်ကဲခြင်းပြဿနာကို ပိုမို ကြုံတွေ့ရလေ့ရှိပါတယ်။ ဖုန်မှုန့်များနှင့် အပူချိန်လွန်ကဲခြင်းများကြောင့် ဆိုလာချပ်များစွမ်းဆောင်ရည်ကျဆင်းလာပါက အောက်ပါနည်းလမ်းများကိုအသုံးပြုနိုင်ပါတယ်-

Find out more